အသက်၂၄ နှစ် အရွယ် Adrián Simancas(အဒြီရန်စီးမါးကပ်စ်)သည် သူ၏ဖခင်နှင့်အတူ ချီလီနိုင်ငံ၊ Magellan(မဂျဲလန်) ရေလက်ကြားတွင် လှေလှော်နေစဥ်၊ မျက်စိ တစ်မှိတ်အတွင်းမှာပင် ဝေလငါးကြီးတစ်ကောင်၏ ပါးစပ်ထဲရောက်သွားသည်။ “ကိုယ့်ကိုယ်ကိုယ် သေပြီတောင်ထင်ခဲ့တာ”ဟု အဒြီရန်က သတင်းဌာနတစ်ခုကို ပြောခဲ့သည်။ စက္ကန့်အနည်းငယ်အကြာတွင် ဝေလငါးကြီးက သူ့ကို အေးစက်သည့်ရေထဲ ပြန်ထွေးထုတ်ခဲ့သည်။ သူသည် အသက်ကယ်အင်္ကျီကြောင့် ရေမျက်နှာပြင်ပေါ်၌ ပေါလောပေါ်နေခဲ့ပြီး သူ့ဖခင်က သူ့ကို ဘေးကင်းရာသို့ ဆွဲခေါ်ပေးခဲ့သည်။
ဓမ္မဟောင်းကျမ်းမှ ပရောဖက်ယောနသည်လည်း ကြီးမားသောပင်လယ်သတ္တဝါကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသည် ဣသရေလလူမျိုးတို့၏ရန်သူဖြစ်သော နိနေဝေမြို့သားတို့အား နောင်တတရားနှင့်ဆိုင်သော သတင်းစကားကို ဟောပြောရန် ဘုရားသခင်၏ညွှန်ကြားချက်ကို မနာခံလိုသဖြင့် နိနေဝေမြို့နှင့် ဆန့်ကျင်ဘက် အရပ်သို့သွားမည့် သင်္ဘောနှင့် သူထွက်သွားသည်။ သင်္ဘောသည် မုန်တိုင်းနှင့်ကြုံသောအခါ ယောနသည် သင်္ဘောသားများအား သူ့ကိုသင်္ဘောပေါ်မှပစ်ချရန် တိုက်တွန်းခဲ့သည် (ယောန ၁:၁၁-၁၂၊ ၁၅)။ “ယောနကို မျိုစေခြင်းငှာ…
ကျွန်မငယ်စဉ်က လမ်းဘေးတွင် စိုက်ထူထားသော အထူးကြော်ငြာဆိုင်းဘုတ်များကိုမြင်လျှင် အလွန် စိတ်လှုပ်ရှားမိသည်။ ရောင်စုံဆိုင်းဘုတ်များကိုတွေ့ပါက ကျွန်မတို့မိသားစုသွားမည့် ဖျော်ဖြေရေး ကစားကွင်းသို့ရောက်ပြီဟု ကျွန်မထင်ခဲ့သည်။ ပျော်ရွှင်စွာဖြင့် ကျွန်မ၏ပစ္စည်းများကို သိမ်းနေသော်လည်း ဆိုင်းဘုတ်တန်းမှာ မဆုံးနိုင်သေးဘဲ ပန်းခြံရောက်သည့်အထိ အချိန်အတော်ကြာသေးသည်။ ထိုဆိုင်းဘုတ်များသည် ပန်းခြံသို့ရောက်ခါနီးပြီဟု သတိပေးခြင်းသာဖြစ်ပြီး နောက်ထပ် မိုင်အနည်းငယ် ဆက်သွားရပါမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း အဆုံး၌ ကျွန်မသိလိုက်ရပါသည်။
“မရောက်သေးဘူးလား”ဟု အံ့ဩစိတ်လှုပ်ရှားနေသော ကလေးများကဲ့သို့ ကျွန်မတို့လည်း ခရီးဆုံးထိရောက်ရန် သည်းခံနေရဦးမည်ဟုစိတ်မရှည်နိုင်ဖြစ်တတ်သည်။
ကျွန်မတို့အသက်တာတွင် ဘုရားသခင်ပါဝင်လုပ်ဆောင်ရန် (သို့) ရင်ဆိုင်နေရသည့် ဒုက္ခများမှကယ်တင်ရန် စောင့်ဆိုင်းရခြင်းက စိန်ခေါ်မှုဖြစ်သည်။ ဆာလံ ၂၇ တစ်ခန်းလုံးတွင် ဒါဝိဒ်မင်းကြီးသည် အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်နေရပြီး၊ ဘုရားသခင်ထံ မျှော်လင့်ကိုးစားလျက် ကိုယ်တော်တုံ့ပြန်လာမည့် အချိန်အထိ စောင့်စားခဲ့သည်။ ဘုရားသခင်၏တုံ့ပြန်မှုသည် မည်မျှကြာနေဦးမည်ကို သူမသိသော်လည်း ဘုရားသခင်သည် သူ့အား ကူညီမစမည်ကို သူသေချာစွာသိသည်။ “အကယ်စင်စစ်…
ရေကူးကန်ထဲ ခုန်ချလိုက်သည်နှင့် တစ်ပြိုင်နက် ရေကူးမျက်မှန်ထဲသို့ ရေများဝင်လာပြီး ဘာမှကောင်းကောင်း မမြင်ရတော့ပါ။ စနစ်တကျ ရေကူးသင်ကြားဖူးခြင်း မရှိသော်လည်း စိတ်ကူးပေါက်၍ ကျွန်တော် ရေကူးဝင်ပြိုင်ခဲ့ပြီး၊ ဇွဲမလျော့ဘဲ နှစ်ကျော့ပြည့်အောင် မနည်းကြိုးစား၍ ကူးခဲ့ရသည်။ သို့သော် နှစ်အတော်ကြာပြီးနောက်တွင် သင်တန်းတက်ပြီး မှန်ကန်သောအသက်ရှူနည်းနှင့် ရေကူးနည်းများကို သင်ယူကာ ပြိုင်ပွဲဝင်ရေကူးနည်း ၄ မျိုးစလုံးကို ပျော်ရွှင်စွာ သင်ယူနိုင်ခဲ့ပါသည်။
စနစ်တကျ လေ့ကျင့်မှုရှိခြင်း၊ မရှိခြင်း၏ ကွာခြားချက်ကို တွေးကြည့်နိုင်ပါသည်။ သမ္မာကျမ်းစာ ဖတ်ရှုရာတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ကျွန်ုပ်တို့ ဖတ်ရှုနေသည့်အရာ၏ နောက်ခံအကြောင်းအရာနှင့် အဓိပ္ပာယ်ကိုနားလည်သောအခါ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကြီးထွားလာနိုင်ပြီး ဘဝတွင် မှန်ကန်စွာ လက်တွေ့အသုံးချနိုင်မည်ဖြစ်သည်။
ရှင်ပေါလုက တိမောသေအား ငြင်းခုံခြင်းများကို ရှောင်ကြဉ်ပြီး အတုယောင်ဆရာများ၏ လှည့်ဖြားမှု မခံရရေး သူ၏ယုံကြည်ခြင်း၌ ခိုင်မြဲစေလိုသည်။ သူ၏နောက်ဆုံးပေးစာတွင် တမန်တော်ပေါလုက တိမောသေအား သမ္မာကျမ်းစာကို…
လွန်ခဲ့သည့်နှစ်များစွာက ကျွန်မ၏ဖခင်နှင့်အတူ အီကွေဒေါနိုင်ငံ၊ အမေဇုံတောထဲသို့ ရောက်ခဲ့စဉ် စက်လှေဖြင့် ရွာငယ်လေးတစ်ရွာသို့ သွားရောက်လည်ပတ်ကာ ထိုဒေသခံလူမျိုးတို့၏ နေထိုင်မှုဓလေ့ကို လေ့လာခဲ့သည်။ ကျွန်မချစ်သောဖေဖေက ကျွန်မအတွက် နားကပ်တစ်စုံအပါအဝင် ကျောက်စီလက်မှုတန်ဆာများ ဝယ်ပေးသည်။ ထိုနားကပ်လှလှလေးကို ကျွန်မမွေးနေ့ရက်တွင် အစ်မအိမ်သို့သွားလည်ချိန် အပါအဝင် နေ့ထူးနေ့မြတ်များတွင်သာ ဝတ်လေ့ရှိသည်။ အမထံမှအပြန် ကျွန်မ၏နားကပ်တစ်ဘက် ကျပျောက်သွားသည်ကို သိလိုက်ရ၍ အလွန်တုန်လှုပ်မိပြီး နေရာအနှံ့ ကျွန်မ လိုက်ရှာခဲ့သည်။
နားကပ်သေးသေးလေးဖြစ်သော်လည်း ၎င်းကိုပြန်အစားထိုးရန်အတွက် အမေဇုံသို့တစ်ခေါက်ပြန်သွား၍ ရှာဝယ်ရမည်ဖြစ်သည်။ အံ့သြစရာမှာ အစ်မက ကျွန်မမွေးနေ့ကျင်းပသည့် စားသောက်ဆိုင်သို့သွားပြီး ပစ္စည်းပျောက်ဆုံး/ပြန်တွေ့ဌာနမှ နားကပ်ပြန်ရရှိခဲ့၍ ကျွန်မအလွန်ဝမ်းသာခဲ့သည်။
အမျိုးသမီးတစ်ဦး၏ငွေဒင်္ဂါးပျောက်သွားသည့်အကြောင်း ပုံပမာကို သခင်ယေရှုပြောပြခဲ့သည်။ ပျောက်သွားသော အဖိုးတန်ငွေဒင်္ဂါးကို သူ မနားမနေ ရှာဖွေခဲ့သည်။ “...တစ်စုံတစ်ယောက်သောမိန်းမ၌ ငွေဆယ်ပြားရှိ၍ တစ်ပြားပျောက်လျှင် ဆီမီးကိုထွန်း၍ မတွေ့မီတိုင်အောင် တစ်အိမ်လုံးကိုလှည်း၍ စေ့စေ့မရှာဘဲ နေမည်လော” (လု ၁၅:၈)။ ငွေဒင်္ဂါးကိုပြန်တွေ့သောအခါ…
အပန်းဖြေကစားကွင်းထဲရှိ ချားရဟတ်ကဲ့သို့လည်နေသည့်ယာဥ်ကြီး မြင့်လာသည်နှင့်အမျှ ထိုရေပန်းစားသောယာဥ်၌ စီးနင်းလိုက်ပါလာသူများ၏အသံများကို လျစ်လျူရှုရန် ကြိုးစားရင်း ကျွန်မမျက်လုံးများကို မှိတ်ထားလိုက်သည်။ ခေတ္တမျှ ယာဥ်ရပ်သွားသည့်အခါ အသာချောင်းကြည့်မိခြင်းက ကျွန်မအမှားပင်။ အောက်သို့ ထိုးဆင်းတော့မည့်မြင်ကွင်းကို မြင်လိုက်ရ၍ ကျွန်မထိတ်လန့်ကာ မျက်စိထပ်မှိတ်ပြီး အောက်သို့ ထိုးဆင်းသွားသည့် တောက်လျှောက် အော်ပစ်လိုက်သည်။ ထိုကလေးဘဝအမှတ်တရက ကျွန်မကို တုန်လှုပ်စေခဲ့ပါသည်။
တစ်ခါတစ်ရံတွင် ဘဝ၌ ကျွန်မတို့ကို ဖမ်းဆီးမည်သူမရှိဘဲ ထိုးဆင်းသွားသကဲ့သို့ ခံစားရသည်။ သို့သော် ဘဝသည် ဖရိုဖရဲနှင့် ထိန်းမနိုင်သိမ်းမရဖြစ်သောအခါတွင် ဘုရားသခင်သည် ကျွန်မတို့နှင့်အတူရှိတော်မူကြောင်း အသိဖြင့် နှစ်သိမ့်မှုရနိုင်သည်။ ယုံကြည်သူများအနေဖြင့်၊ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်မတို့အတွင်း၌ ကျိန်းဝပ်ကြောင်း ကျွန်မတို့သိပါသည်။ ကျမ်းစာ၏လမ်းညွှန်မှုကို ခံယူလျက်၊ ကိုယ်တော်အား ကျွန်မတို့ စကားပြောနိုင်သည်။
ဘုရားသခင်သည် ဣသရေလတို့၏မနာခံမှုနှင့် “ကျဆုံးခြင်းများ”ကြားတွင် သူတို့ကို “ဖမ်းဆီး”မည်ဟု ဣသရေလလူမျိုးတို့အား အာမခံလိုသည်။ ဘုရားသခင်သည် ပရောဖက်ဟေရှာယမှတစ်ဆင့် “မစိုးရိမ်နှင့်။…
နွေရာသီနှင့်ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲများသို့ လူငယ်သတင်းထောက်တစ်ဦးအဖြစ် သွားရောက်ခဲ့ရချိန်၌ ပြိုင်ပွဲများကို ကြည့်ရှုပြီး အားကစားသမားများနှင့် တွေ့ဆုံရခြင်းဟူသည့် ကျွန်မ၏အိပ်မက် အမှန်ဖြစ်လာခဲ့သည်။ ကမ္ဘာတစ်ဝန်းမှ မတူညီသောဘာသာစကားများ ပြောဆိုနေသူများ၊ ၎င်းတို့၏နိုင်ငံအသီးသီးအား ဂုဏ်ပြုသည်ကို ကြည့်ရှုရင်း ကျွန်မနှစ်သက်ကြည်နူးခဲ့သည်။
ဆယ်ကျော်သက်အရွယ်ကပင် အိုလံပစ်ပြိုင်ပွဲများကို ကျွန်မစိတ်ဝင်စားခဲ့ပြီး၊ ၎င်းသည် စွဲလမ်းမှုတစ်ခုဖြစ်လာခဲ့သည်။ သို့နှင့် နွေရာသီအိုလံပစ်ပြိုင်ပွဲတစ်ခု၌ ရောက်ရှိသတင်းယူနေစဥ် ဘုရားသခင်၏နောက်တော်သို့လိုက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အားကစားဟူသည့် စွဲလမ်းမှုကို စွန့်လွှတ်ရန် ဘုရားသခင်တောင်းဆို သည်ဟု ခံစားခဲ့ရသည်။ သို့သော် ကျွန်မသည် နိုင်ငံများကို ချစ်မြတ်နိုးဆဲ၊ အိုလံပစ်ပြိုင်ပွဲများ ကြည့်ရခြင်းကို နှစ်သက်နေဆဲပါ။ သို့ငြားလည်း၊ မတူညီသော နောက်ခံများနှင့် နိုင်ငံအသီးသီးမှလူတို့ ဘုရင်တကာတို့၏ဘုရင်အား ဆုတောင်းလျက် ကိုးကွယ်ဝတ်ပြုရန် အသင်းတော်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ် (သို့) ဆုတောင်းပွဲသို့ စုရုံးလာချိန်တွင် အမှန်ပင် ကျွန်မစိတ်လှုပ်ရှားခဲ့ရပြီး၊ ၎င်းသည် ကောင်းကင်နိုင်ငံ၏ချိုမြိန်သောအရသာကို ကမ္ဘာမြေ၌ မြည်းစမ်းရခြင်းပင်(ဗျာ ၇:၉)။
ခရစ်တော်၌ မိမိမည်သူမည်ဝါဖြစ်ကြောင်း…
ကျွန်မတို့စီးလာသောဘတ်စ်ကားသည် အင်ဒီးစ်(Andes)တောင်တန်း၏ ကျဉ်းမြောင်းသောလမ်းတွင် အမြင့်ပိုင်းသို့ ဖြည်းဖြည်းချင်း ခရီးနှင်လာစဉ်၊ ကျွန်မတို့အဖွဲ့သားများက ရယ်မောပြီး သီချင်းဆိုနေကြသည်။ ထိုအခိုက် အပြင်ဘက်သို့ ကျွန်မလှမ်းကြည့်မိရာ၊ ကျွန်မတို့၏ညာဘက်ခြမ်းတွင် အကာအရံ များမရှိဘဲ ချောက်ကြီးကို မြင်လိုက်ရသဖြင့် ထိတ်လန့်သွားသည်။ အမြင့်ပိုင်းရောက်လေလေ ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရလေဖြစ်ပြီး၊ ဤမျှလောက်ဝေးလံခေါင်သီသောနေရာသို့ ကျွန်မတို့၏ရက်တိုသာသနာပြုအဖွဲ့ အဘယ်ကြောင့် ရောက်လာရသနည်းဟု တွေးမိသည်။ ထိုအချိန်ကျမှ ဘုရားသခင်သည် ဤသူတို့အတွက် အသေခံရန် သူ၏သားတော်ကို စေလွှတ်သည်ဆိုပါက၊ ကိုယ်တော်သည် ဤလူမျိုးများကို အမှန်တကယ်ချစ်၍သာဖြစ်မည်ဟု ကျွန်မနားလည်ခဲ့ရသည်။ ထိုမေတ္တာတော်ကို သူတို့အား ဖော်ပြရန် ကြောက်စရာ ဘတ်စကားခရီးကို ကျွန်မ ဧကန်စီးနိုင်ရပါမည်။
နေ့ရက်တိုင်းတွင် အတိုချုံး ကျမ်းစာသင်၊ သက်သေခံကြပြီး၊ ကျွန်မတို့သွားခဲ့သည့်မြို့အသီးသီးမှ ကျွန်မတို့ကို လက်ခံကြိုဆိုသူများနှင့်အတူ ဆုတောင်းရခြင်းအတွက် ဝမ်းမြောက်လျက် ခရီးစဥ်ပြီးဆုံးခဲ့သည်။
လူအပေါင်းတို့ ကိုယ်တော်ကို ယုံကြည်ကိုးစားနိုင်မည်အကြောင်း တမန်တော် ရှင်ပေါလုသည် သခင်ယေရှုအကြောင်းကို အခြားသူများအား…
ရုတ်တရက် ဝမ်းနည်းလျက် ကျွန်မစိတ်၌ ဆောက်တည်ရာမရဖြစ်သွားသည်။ ကျွန်မ၏အိတ်ဆောင်ကွန်ပြူတာအသစ်ကို ဆင်ပေးနေသော သူငယ်ချင်းသည် ကွန်ပြူတာထဲ ပြောင်းထည့်လိုက်သော ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များအားလုံးကို မတော်တဆ ဖျက်လိုက်မိသည်။ နှစ်ပေါင်းများစွာ သိမ်းဆည်းခဲ့သော မိသားစု၊ မိတ်ဆွေများ၏ အဖိုးတန် အမှတ်တရများ အားလုံး တစ်ခဏချင်း ပျောက်ကုန်သည်။ စိတ်၌တုန်လှုပ်လျက် အရင်က အားလပ်ရက်ခရီးများ၊ အထူးနေ့များမှ မြတ်နိုးဖွယ် အမှတ်တရအချိန်လေးများကို ကျွန်မထပ်ပြီး ဖန်တီးနိုင်တော့မည် မဟုတ်ပါ။ ယူကျုံးမရဖြစ်ပြီး ပြိုလဲမသွားမီ၊ သူငယ်ချင်းမှ ကျွန်မ၏ဖိုင်များကို ပြန်ယူနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။ နာရီပိုင်းမျှ ဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရပြီးနောက်၊ ကျွန်မ၏အထူးမီဒီယာဖိုင်များ ပြန်ပေါ်လာသည်ကို တွေ့လိုက်ရ၍ အတိုင်းထက် အလွန်ဝမ်းမြောက်ခဲ့ရတော့သည်။
နာရီအနည်းငယ်ကြာမျှသာ စိတ်ပူပန်စွာ စောင့်ဆိုင်းခဲ့ရသော်လည်း၊ စိုးကြောက်မှုကို အမှန်ပင် ခံစားခဲ့ရသည်။ ဆုံးရှုံးမှုသည် ထိတ်လန့်ဖွယ်၊ နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ ယောလ ၂ တွင် သီးနှံများ၊ စပျစ်ခြံများ၊…
ကျွန်မမိခင်သည် မကြာမီက အင်တာနက်၌ သူမတွေ့ခဲ့သည့် အာဖရိကတိုက်ရှိ ရေအိုင်တစ်ခုမှ အံ့ဩစရာတိုက်ပွဲတစ်ခုကို ကျွန်မထံပေးပို့ခဲ့သည်။ အာဖရိက တောဆိတ်ကြီး၌ ၂ပေကျော်ရှည်သော ဦးချိုရှိပြီး၊ ၎င်းတို့သည် သူ့အား ပြိုင်ဘက် ကင်းကာ မကြောက်တတ်ပုံရသောတိရစ္ဆာန် ဖြစ်လာစေသည်။ သို့သော် ၎င်းသည် ရဲရင့်ပြီး ဗရုတ်ဗရက် ငှက်ကုလားအုတ်အုပ်စုနှင့် မတွေ့ခင်အထိသာဖြစ်သည်။
ရန်သူထက်သာ၍အရပ်ရှည်သော ငှက်ကုလားအုတ်ခေါင်းဆောင်သည် ၎င်း၏ အမွေးအတောင်များကို လှုပ်ယမ်းအော်ဟစ်ကာ တောဆိတ်သုံးကောင်ထံသို့ တစ်ရှိန်ထိုးပြေးသွားရာ ဆိတ်သုံးကောင်မှာ လစ်ပြေးသွားသည်။ “သူတို့ရဲ့ဦးချိုတွေ ဘယ်လောက်စွမ်းလည်းဆိုတာ သူတို့မသိကြဘူးထင်တယ်”ဟု အမေ့ကို ကျွန်မပြောလိုက်သည်။
သခင်ယေရှုကို ယုံကြည်သူတို့သည်လည်း ဝိညာဉ်ရေးရာရန်သူ စာတန်၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ မိမိ၌ရှိနေသောစွမ်းအားတန်ခိုးကို မေ့သွားတတ်သည်။ ကျွန်မတို့၏အတွင်း၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်နေပြီး (ရော ၈:၁၁)၊ ကျွန်မတို့၌ ကျွန်မတို့ကို မစမည့် ဘုရားသခင်၏လက်နက်စုံရှိသည်။ “မာရ်နတ်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်...သော လက်နက်စုံကို ဝတ်ဆောင်ကြလော့”(ဧ…
အီကွေဒေါ(Ecuador)နိုင်ငံသာသနာပြုခရီးတွင် ကျွန်မတို့လုပ်ဆောင်နေကျ အိမ်များသို့ လှည့်လည်သွားစဉ်၊ ကြက်သွန်နီရိတ်သိမ်းနေသော အမျိုးသားတစ်ဦးထံသို့သွားပြီး၊ စပိန်စကား မတောက်တခေါက်ဖြင့် ကျွန်မတို့ သူငယ်ချင်းများက သူ့အား သမ္မာကျမ်းစာအကြောင်း တိုတိုတုတ်တုတ် ပြောပြလိုကြောင်း ဆုတောင်းလျက် ပြောရာ၊ သူနားထောင်ပေးခဲ့သည်။ သူ့ကို သက်သေခံဝေမျှပြီးနောက် ကျွန်မတို့ အဖွဲ့မှတစ်ဦးက သမ္မာကျမ်းစာကို အင်္ဂလိပ်လိုဖတ်ပြရာ၊ သူကလည်း ကျွန်မတို့ပေးသော စာအုပ်ငယ်မှ စပိန်ဘာသာဖြင့်ဖတ်သည်။ အင်ဒိစ်(Andes)တောင်တန်း၌ သတင်းကောင်းဖတ်ရွတ်သံကို ကြားရခြင်းက ထူးမြတ်သောအခိုက်အတန့်ဖြစ်ခဲ့သည်။ မနီးမဝေးတွင် အလုပ်လုပ်နေသော သူ၏မိသားစုနှင့်လည်း စကားပြော ဆုတောင်းပေးပြီးနောက် အခြားတစ်အိမ်သို့ ဆက်သွားခဲ့သည်။
သမ္မာကျမ်းစာကို ရွတ်ဖတ်၊ လူများအား ခရစ်တော်အကြောင်း ပြောပြနှင့်၊ တောင်စောင်းတစ်လျှောက်ခရီးဆက်ရင်း၊ လောက၌ ကျင်လည်ခဲ့စဥ် သခင်ယေရှုနှင့် တပည့်တော်များသည်လည်း ဣသရေလတောင်တန်းများနှင့် ချိုင့်ဝှမ်းများ၌ သွားလာခဲ့ကြောင်း ဆင်ခြင်မိသည်။
ဟေရှာယအနာဂတ္တိကျမ်း ၅၂:၇ တွင် “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာ သတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း ကောင်းကျိုးချမ်းသာ၏…